“THE CRADLE TO THE GRAVE”
အောက်တိုဘာလ (၂)ရက်၊ ၂၀၀၉ ခုနှစ်နေ့မှာ မွေးဖွားတဲ့ ကျနော့သားငယ်လေး "ဟိန်းအာကာ"ရဲ့ ရက် (၁၀၀)ပြည့် မွေးနေ့အလှူလေးမှာ သူ့အတွက် ကျနော် ရေးစပ်ထားတဲ့ ကဗျာလေးပါ။
“THE CRADLE TO THE GRAVE”
(၁)
သားငယ် ကိုဟိန်းရေ
အူဝဲလို့ ငိုသံနဲ့အတူ
သားငယ်တစ်ယောက်
လူ့လောကထဲကို၀င်ရောက်
ထိုနေ့တစ်နေ့ အရောက်မှာတော့
အဖြူရောင်ပိတ်စနဲ့ ထွေးပွေ့
ဖြူဖြူစင်စင် စတဲ့ နေ့တစ်နေ့ပေါ့ …။
(၂)
သားငယ် ကိုဟိန်းရေ
လူ့လောကကို အဆုံးသတ်
၀မ်းနည်းခြင်းတွေ ပြည့်နှက်တဲ့
အဲ့ဒီနေ့လေး အရောက်မှာလည်း
အဖြူရောင်ပိတ်စကိုခြုံလွှမ်း
အဖြူရောင် နတ္ထိ ကိုသယ်လို့
လောကကို မျက်စိမှိတ်တဲ့
အဲ့ဒီနေ့လေးတစ်နေ့ ပေါ့ …။
ဟော့ဒီ
အဖြူရောင်နဲ့ စ - အဖြူရောင်နဲ့ ဆုံးတဲ့
ပ ဉ္စလက် လောကကြီးကို ဖြတ်သန်းဖို့အတွက်
အဖေ မှာချင်တာက …
“ ဖြူသော အတွေး၊ ဖြူသော အကျင့်၊
ဖြူသော စကား၊ ဖြူသော အလုပ် “ များနဲ့
ဖြူဖြူစင်စင် ချီတက်
လောကကြီးက
နေတတ်ရင် ကျေနပ်စရာပါ သားရေ။
ဖေကြီး
ကိုရုပ်ဆိုး
(၁၀-၁-၂၀၁၀ / ၂၄း၂၅ မိနစ်)
Metta of A Father
ReplyDeleteဟိန်းအာကာ
ReplyDeleteဦးရီးမရှိတာ နာသကွာ...
မဟုတ်လို့ကတော့ တစ်ပွဲတစ်လမ်း အကဲစမ်းပဲဟေ့
ချစ်စရာလေး..
ReplyDeleteချစ်ဖို့ကောင်းလိုက်တဲ့သားသားလေးး)
ReplyDeleteမိဘတွေအတွက် အားကိုးရတဲ့ ဘ၀တလျှောက် စိတ်ဓာတ်ကြံ့ခိုင်တဲ့ သားသားလေးဖြစ်ပါစေ