မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေသ အလွတ်ကျက်နည်း
ဒုတိယဗိုလ်မှူးကြီး ခင်အောင်မြင့် ထုတ်နှုတ်ရေးသားခဲ့တဲ့ မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေသ (၁၀)ရက်အတွင်း အလွတ်ကျက်နည်းကို ကျနော် ဖြန့်ဝေပေးလိုက်ပါတယ်။
အောက်ဖော်ပြပါ လင့်ခ်လေးမှာ ကူးယူပြီး၊ ပုံနှိပ်ထုတ်ယူပြီးရင် အလယ်မှာ ပြထားတဲ့အတိုင်း ဖြတ်ပါ။ ပြီးရင် စာမျက်နှာအတိုင်းစီပြီး စာအုပ်ချုပ်လိုက်ရင် အိတ်ဆောင်လေးရသွားမယ်။ စာမျက်နှာက ၄-မျက်နှာ၊ ၁ နှင့် ၂ ကို ကျောကပ်ပြီး ပုံနှိပ်ထုတ်ပါ။ ၃ နှင့် ၄ လည်း ဒီအတိုင်းပဲ။
သဗ္ဗဒါနံ၊ ဓမ္မဒါနံ၊ ဇိနာတိ။
အလှူတကာ့ အလှူများတွင် တရားအလှူသည်
အမွန်မြတ်ဆုံးဖြစ်သည်။
ကိုရုပ်ဆိုး
၁၂ မေလ၊ ၂၀၀၉ (၁၈း၅၅)မိနစ်
သာဓု ပါဗ်ာ သာဓုပါ
ReplyDeleteကူးသွားပြီ အစ်ကို ရုပ်ဆိုး ၊၊ ကျေးဇူးပါ ၊၊
ReplyDeleteကိုးတန်းနှစ်တုန်းက ကျောင်းပိတ်ရက်တွေဆို ဆရာမတွေက ကျောင်းမှာ မိန်းကလေးတွေကို ဓမ္မစင်္ကြာ၊ ယောက်ျားလေးတွေကို ပဋ္ဌာန်း ရွတ်ဖတ်နည်းကို သင်ပေးတယ်။ ကျောင်းကထိန်ကျတော့ ရွတ်ရတယ်။ ကြားထဲမှာ အဆက်ပြတ်သွားလိုက်တာ အကြာကြီးနေမှ တစ်ခါလောက်သာ ရွတ်ဖြစ်တော့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ဒီထွက်မလာခင်ကမှ နေ့စဉ်ပြန်ရွတ်ဖြစ်တယ်။ အရင်က သင်ခဲ့ဖူးတဲ့ အကျိုးကြောင့် ပါဠိလိုတွေကို စိမ်းမနေတော့ဘူး။ ကြည့်ပြီး ရွတ်ရင်းနဲ့ပဲ တဖြည်းဖြည်း အလွတ်ရလာတယ်။ အတတ်နိုင်ဆုံး နေ့စဉ်မပျက်ကွက်အောင် ရွတ်လာတာ အခုထိပါဆိုပါတော့။ အခုလို အလွတ်ကျက်နည်းကို ဖြန့်ဝေပေးတော့ အလွတ်ရွတ်ချင်လျက်နဲ့ အလွတ်မရတဲ့သူတွေအတွက် အဆင်ပြေတာပေါ့။ တကယ် စွဲစွဲမြဲမြဲရွတ်ပြီဆိုရင် ကြာလာတာနဲ့အမျှ မှတ်မိလာပါတယ်။
ReplyDeleteDownload ယူသွားပါတယ် အစ်ကိုရုပ်ဆိုးရေ။ အဖိုးတန်စာကောင်းပေမွန်တွေ အမြဲဝေမျှပေးနေလို့ ကျေးဇူးတင်ပါတယ် အစ်ကို
ReplyDeleteလာလည်သွားပါတယ်.. လင့်လည်းယူသွားပါတယ်.. သာသနာအတွက် အကျိုးရှိစေမယ့်နေရာလေးတစ်ခုပါပဲ.. စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..
ReplyDeleteကျေးဇူးအများကြီးတင်ပါတယ်ရှင့်
ReplyDeleteအားလပ်သော စနေနေ့တွင် အိမ်လည်ထွက်ရင်း ရောက်ပါ၏။ ဖတ်ပါ၏။ မှတ်ပါ၏။
ReplyDelete