Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, May 28, 2008

နာဂစ်ရှေ့မှာ ဦးမော့ခြင်း

မေလ (၂၃)ရက်နေ့မှာ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ အထိသွားရောက် လှူဒါန်းပြီးပြန်လာတော့ အားလုံးရဲ့ရင်ထဲမှာ အလိုမကျမှုတွေ ကိန်းအောင်းပြီးပြန်လာခဲ့ရတယ်။ အလိုမကျမှုဆိုတာ ”ဒီလူတွေလောက်ပဲ လှူဒါန်းပြီး တာဝန်ကျေပြီလားဆိုတာပါ”။ မကျေနပ်ဘူး။ နောက်တကြိမ် .. နောက်တစ်နေရာကိုသွားကို သွားဦးမယ်။
ဒီလိုပဲ စိတ်ပိုင်းဖြတ်လိုက်ကြတယ်။ ပြန်ရောက်ပြီး နောက်တနေ့ မုန်းတိုင်းခံ ဒေသက လူတစ်ယောက်ရယ်၊ ရုံးကလူတစ်ယောက်ရယ် လေ့လာရေးခရီးအရင်သွားတယ်။ သူတို့ပြန်လာတာနဲ့ ဘယ်ရွာသွားမယ် ...၊ ဘာတွေလှူမယ်ဆိုတာကို ၀ိုင်းဝန်းစဉ်းစားလိုက်တယ်။ ပြီးတော့ ၀ယ်တယ်၊ ထုပ်ပိုးတယ်၊ ကားငှားတယ်၊ .......၊ ......၊ .....၊ ..... တယ်။ ကဲ တော်တော်များများစုံပြီ။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ၊ ဆေး၊ ဖိနပ်၊ အမိုးအကာ၊ စားစရာ၊ သဘက်၊ ... စတာတွေဝယ်ပြီးပြီ။ မနက်ဖြန်မနက် ၆း၀၀နာရီ စထွက်မယ်။ ကားနဲ့ ကွမ်းခြံကုန်းအထိသွားပြီး၊ အဲဒီကနေတဆင့် မော်တော်နဲ့ ၁း၃၀ လောက်ဆက်သွားရင် ရောက်ပြီ။ ပြန်လာမှ ပုံတွေ တင်မယ်ဗျာ။ မိုးထဲရေထဲ သွားရမှာဆိုတော့ ရန်ကုန်သားတွေ နည်းနည်းတော့ကြောက်တယ်။ ဒါပေမယ့် နာဂစ်ရှေ့မှာ ဦးမော့လို့ ရောက်အောင်ကိုသွားမယ်။

ဆက်ဖတ်မယ်ဆိုရင်...

ဘေးဒုက္ခကြောင့်စိတ်ဓါတ်ကျမှုကို ဘယ်လိုဖြေရှင်းမလဲ?

အောက်ပါ link များကို နှိပ်၍ ဖတ်ကြည့်ပါ။

1) Psych 1st Aid-Supporting Well-Being
2) Resilience For Kids and Teens - Guide For Parents and Teachers
3) Tips for Helping after Disasters - Adolescent
4) Tips for Helping after Disasters - Preschool
5) Tips for Helping after Disasters - School Age Children

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 27, 2008

IT Husband

E-mail ပေါ်မှာ ပျံ့နေတဲ့ ဟာသလေးတစ်ပုဒ်ပါ။ ကွန်ပျူတာ ဘာသာစကားတွေကို မြန်မာလိုဘာသာပြန်ဖို့ အခက်အခဲရှိတာရယ်၊ အနီးစပ်ဆုံးပြန်ရင်တောင် ရယ်စရာမကောင်းတော့မှာကို တွေးပူပြီး မူရင်းအတိုင်းဖော်ပြပေးလိုက်တယ်။
Starting the day with a conversation between a wife and a husband whohappens to be a software engineer.
Husband :(Returning late from work) "Good Evening Dear, I'm now logged in."
Wife :Have you brought the grocery?
Husband :Bad command or filename.


Wife :But I told you in the morning
Husband :Erroneous syntax. Abort?
Wife :What about my new TV?
Husband :Variable not found ...
Wife :At least, give me your Credit Card, I want to do some shopping.
Husband :Sharing Violation. Access denied...
Wife :Do you love me or do you only love computers or are you just being funny?Husband :Too many parameters ...
Wife :It was a great mistake that I married an idiot like you.
Husband :Data type mismatch.
Wife :You are useless.
Husband :It's by Default.
Wife :What about your Salary?
Husband :File in use ... Try after some time.
Wife :What is my value in the family.
Husband :Unknown Virus.

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, May 21, 2008

အော်ပီကျယ်၏ လက်ရာများ (၁)

လူတော်တော်များများ တကွက်ဟာသ၊ သရော် ကာတွန်းတွေကိုကြိုက်နှစ်သက်ကြတယ်။ ကျနော်လည်းအပါအ၀င်ပေါ့။ ကျနော့ဆီမှာ ရှိတဲ့ ”အော်ပီကျယ်ကာတွန်းများ-တတိယအစု”ထဲက ကောင်းနိုးရာရာလေးတွေကို ရွေးပြီးတင်ပေးလိုက်တယ်။ နောက်ထပ် ကျနော့အနေနဲ့ email ကနေတဆင့် ရောက်ရောက်လာတဲ့ Internet Funny Jokes (Cartoon or Text) တွေကို blog မှာ တင်ချင်တယ်ဗျာ။ လူတိုင်း ဖတ်ဖူးကြပေမယ့် တစုတစည်းထဲ Blog တခုထဲမှာ ဖြစ်စေချင်လို့ပါ။ ထင်မြင်ချက်လေးတွေလည်း ပေးခဲ့ကြပါဦး။


အိမ်



မဟုတ်မခံ





မီးလာမှာ တကယ်လား?




ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 20, 2008

Scroll Box ပြုလုပ်ခြင်း

Myanmar Blogger Helpdesk က ကိုရန်အောင် က ဒီလို ညွှန်းထားပါတယ်။

ခင်ဗျားက စာပိုဒ်အရှည်ကြီးတစ်ခုကို အကိုးအကားအနေနဲ့ ပြချင်တယ်. အကုန်လုံးကို ရိုက်ပြလိုက်ရင်လည်း ခင်ဗျားရဲ့ ပို့စ်က အရှည်ကြီး ဖြစ်သွားမယ်. အဲလိုမျိုးဆိုရင် ခင်ဗျားပေးချင်တဲ့ မက်ဆေ့ခ်ျကေ၀၀ါးသွားမယ်. ခင်ဗျားလုပ်ချင်တာက အဲဒီ့ အကိုးအကား စာပိုဒ်လေးကို ထည့်ပေးထားပြီး စာဖတ်သူက ဖတ်ချင်ရင် Scroll Down/Up လုပ်ပြီး ဖတ်၊ တကယ်လို့ ဓာတ်ပုံတွေ အများကြီး တင်ချင်တယ်ဆိုရင်လည်း ဒီလို Scroll box လေးထဲ ထည့်ပြီး ပြထားလိုက်ရင် ဓာတ်ပုံ အယ်လ်ဘမ် တစ်ခု ပုံစံမျိုးလေး ဖန်တီးလို့ရမယ်၊ စာဖတ်သူက ပုံတွေကို သူလိုသလို၊ ကြိုက်သလို Scroll Down/Up လုပ်ပြီး ကြည့်. ဒါမျိုးပေါ့ဗျာ.

နမူနာလေး ကျနော်လုပ်ကြည့်ထားတာပါ။
Original Post က ဒီနေရာ လေးမှာပါ။




ချစ်လှစွာသော သမီးနှင့် သား



ဆက်ဖတ်မယ်ဆိုရင်...