Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, May 13, 2008

Three sentences for getting success

Three sentences for getting success;
a) Know more than others ...
b) Work more than others ...
c) Expect less than others ...
William Shakesphere

အောင်မြင်မှုအတွက် သော့ချက် (၃)ခု
က) သူများထက် ပိုသိအောင်လုပ်ပါ
ခ) သူများထက် ပို အလုပ် လုပ်ပါ
ဂ) သူများထက် မျှော်လင့်ခြင်း (ပြန်ရလိုမှု) နည်းအောင် နေပါ။
ဝီလီယမ် ရှိတ်စပီယား

ဆက်ဖတ်မယ်ဆိုရင်...

If we cannot love ....

If we cannot love the person whom we see,
how can we love God whom we cannot see ...
Mother Teresa

မြင်နေရတဲ့ လူတွေကိုသာ သင် မေတ္တာစိတ်မရှိခဲ့ရင်,
မမြင်နိုင်တဲ့ ဘုရားသခင်ကို ဘယ်လို မေတ္တာထားမှာလဲ ...
မာသာထရီဆာ

ဆက်ဖတ်မယ်ဆိုရင်...

Saturday, May 10, 2008

သေအတူ ရှင်မကွာ ...

သူငယ်ချင်းတယောက်ရဲ့ အညွှန်းအရ နိုင်းနိုင်းစနေ ရဲ့ blog ကို ၀င်ကြည့်တဲ့အခါ အရမ်းကြေကွဲစရာကောင်းတဲ့ ပုံလေးတပုံကိုတွေ့ခဲ့တယ်။ နိုင်းနိုင်းစနေ ပြောသလိုပါပဲ ”ကရုဏာမျက်လုံးနဲ့ကြည့်ပါ ... ကြောက်စရာမကောင်းပါဘူး ...”အမေတယောက်က သူ့ကလေးတွေ လေနှင့်အတူ လွင့်ပါမသွားအောင် လက်တွေကို ကြိုးနဲ့ခိုင်အောင်ချည်နှောင်ပေးထားခဲ့ပေမယ့် ...အားလုံးအတွက် ဓါတ်ပုံလေးကို ပြန်တင်ပေးလိုက်ပါတယ်။



ဒီနေရာမှာ ”ကိုယ့်ကလေးတွေသာဆိုရင်” ဆိုတဲ့ အတွေးမျိုး ကျနော် တွေးကြည့်မိတဲ့အခါ ... ... ;::(

ဆက်ဖတ်မယ်ဆိုရင်...

Friday, May 9, 2008

ကျေးဇူးရှင်များသို့ ဦးညွတ်လျှက်

ကျေးဇူးရှင်များသို့ … …

ဘ၀မှာ မိစ္စာစိတ် မများ
မုဒိတာစိတ် အမြဲပွားတဲ့
ကျေးဇူးရှင် လယ်သမားများကိုမှ
နာဂစ်မုန်တိုင်းက ၀င်မွှေ
အိုးအိမ်တွေမဲ့၊ အသက်တွေပျက်လို့
ခိုကိုးရာက မဲ့၊ စားစရာက ချို့တဲ့
မိသားစုတွေ တ၀က်တပျက်
ဘယ်လို ကံကြမ္မာမျိုးကြောင့်လည်းကွယ် …။

မှောင်မှောင်မဲမဲ ညနက်ကြီးထဲ
ပြေးစရာမြေမရှိ
ရေအတိပြီးနေတဲ့ ကုန်းမြေမှာ
မုန်တိုင်းက အော်
လူတွေက တကြော်ကြော်နဲ့
ညမြင် မနက်ပျောက်
လောကဓံရဲ့ လှိုင်းတံပိုးအောက်မှာ
အသက်ပျောက်ခဲ့ရတာ
ဘယ်လို ကံကြမ္မာမျိုးကြောင့်လည်းကွယ် …။

လူသားတွေရဲ့အဟာရ
ဆန်စပါး စိုက်ပျိုးမယ်ဟလို့
ထွန်ရေးပြခဲ့တဲ့ လယ်တစ်ကွက်
မနက် နေထွက်တော့ ဘယ်မလဲ ...
ထွေးညိုရေ …၊ အရီးတုတ်ရေ …၊ ဘကြီးမြရေလို့
တကြော်ကြော် အော်ဟစ်
အသံတွေ ကုန်ရစ်လည်း
ပြန်ထူးသံမကြား
သုသာန်တစပြင် အလားပဲလေ ...။

နီနာပဲဖြစ်ဖြစ်၊ မာလာပဲဖြစ်ဖြစ်၊ နာဂစ်ပဲဖြစ်ဖြစ်
နောက်တကြိမ် လာခဲ့မယ် ဆိုရင်တော့ဖြင့်
မြို့ပြရဲ့ အလှ ပျက်သုန်းပါစေ …
ဇိမ်ခံပစ္စည်းတွေ ပျက်စီးပါစေ …
ဦးကြီးတို့ရဲ့ အသက်
ဦးကြီးတို့ရဲ့လယ်တကွက်နဲ့
ပြုံးပြုံးကြီး ဖလှယ်ရက်ပါတယ် …။

ရောက်လေရာဘုံဘ၀မှာ
ဆိုးကြိုးတွေဘေးရှောင်
ကောင်းမှုတွေ တပွေ့တလှောင်နဲ့
သုခကိုခံစား ဘုံအမြင့်မှာ စံစားပါစေလို့
မြတ်ဘုရားရှေ့မှာဦးခိုက်
ဆုတောင်းလိုက်ပါတယ်ဗျာ …။
ရုပ်ဆိုး (၉-၅-၀၈)
အထက်ပါ ဓါတ်ပုံအား
media.theaustralian မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 6, 2008

ဒုက္ခိတ ပျားတုတ်တဲ့နေ့ (မေလ ၂-၃၊ ၂၀၀၈ ခုနှစ်)

“ဒုက္ခိတ ပျားတုတ်တယ်“ဆိုတဲ့ စကားပုံလေးကို အမှတ်မထင်ရှိခဲ့တာ အမှန်ပါ။ ဒါပေမယ့် လက်တွေ့ခံစားလိုက်ရတဲ့အချိန်မှာ ဘယ်လိုပြန်ပြောရမလဲဆိုတာ မသိခဲ့ရိုးအမှန်ပါ။ မုန်တိုင်းသတင်းကို ကြိုတင်သိပေမယ့် တခါမှမကြုံဖူးတော့ ည ၈း၃၀ လောက်မှ အိမ်ကိုပြန်ဖြစ်တာပါ။ နာဂစ် တော့ မလာဖြစ်တော့ပါဘူးလို့ ထင်ပြီး၊ စောစောအိပ်ယာဝင်ခဲ့တာပါ။ ဒါပေမယ့် လာမယ့် လာတော့လည်း မတိမ်းမစောင်း ဗိန်းမောင်းနဲ့ပါ။ တစ်ညလုံး ငုတ်တုတ်ထိုင်နေရပြီး၊ မျက်စိနှစ်လုံးမပိတ်ရဲလောက်အောင်ပဲ။ တချက် တချက် သွက်သွက်ခါသွားတဲ့ ၆-ထပ်တိုက် အပေါ်ဆုံးမှာ ဘယ်မှမသွားရဲ၊ မလာရဲနဲ့ပါ။ ကိုယ် ကိုယ်တိုင်ကြောက်လန့်ခဲ့ပေမယ့် ကိုယ်ကို အားကောင်းမောင်းသန်ကြီးဆိုပြီး အထင်ကြီးပြီး မှီတွယ်နေတဲ့ ဇနီးမယားနဲ့ သမီးသားတို့ရှေ့မှာ ဟန်လုပ်ကာနေ နေခဲ့ရပြီး။ ထ တောင် မထရဲခဲ့ဘူး။ (ထလိုက်ရင် ဒူးတုန်နေတာ လူမိသွားမှာစိုးလို့ :) ) အခုမှ ရယ်နိုင်တာပါ။ နောက်မှ ဆက်ပြီး ပုံနဲ့တကွ တင်အုံးမယ်။ အခုတော့ Myanmar Teleport ကိုယ်တိုင် နာဂစ် စာ မိထားတာဆိုတော့ ဖွတ်ချက်၊ ဖွတ်ချက် connection လေးနဲ့မို့ ...............

ဆက်ဖတ်မယ်ဆိုရင်...