Tuesday, May 12, 2009
ဗုဒ္ဓဘာသာ သိမှတ်ဖွယ်
အသက်ကလေးလည်း ရလာ၊ ဘုရားမကြိုက်, မိဘမကြိုက်, အုပ်ထိန်းသူမကြိုက် စသာတွေချည်းပဲ လုပ်ခဲ့တဲ့ နှစ်အရေအတွက် မနည်းရှိလာတော့ ကိုယ့်ကိုကိုယ် ဆင်ခြင်မိတယ်။
အဲဒါနဲ့ပဲ ဒီ ဘလော့ဂ်လေးကို ဖွင့်ဖြစ်တာပါ။ အနည်းဆုံး ဘုရား၊ တရား၊ သံဃာ အကြောင်းအရာတွေ ရေးနေ၊ ရှာဇွေနေ၊ ဘလော့ဂ်ပေါ်တင်ဖို့အတွက် ပြင်ဆင်နေရတော့ .... မကောင်းတဲ့အလုပ်ကိစ္စတွေ မလုပ်ဖြစ်တော့ အကုသိုလ်နည်းတာပေါ့။
သိမိသမျှ လက်လှမ်းမီသမျှလေးတွေကိုသာ တင်နေတဲ့အတွက် လိုအပ်ချက်များစွာ ရှိနေသေးတယ်ဆိုတာကို ဖွင့်ဟရင်း ... ဘလော့ဂ်ဂါ သူငယ်ချင်းများ တခြားသိချင်သူများရှိရင် လက်တို့ဖို့အတွက် ....
ဗုဒ္ဓဘာသာ သိမှတ်ဖွယ် (http://buddhist-knowledge.blogspot.com)
တင်ပြသူ
Tuesday, May 5, 2009
မြန်မာစကားပုံ - www.myanmar-proverbs.co.cc
အခုတလော ... ကို ကိုယ်တိုင် creation မလုပ်နိုင်။ ခေါင်းထဲကလည်း ဘာမှ မထွက်တာနဲ့ ... စိတ်ကူးနေတာ ကြာပြီဖြစ်တဲ့ "မြန်မာစကားပုံ"ကို ဘလော့ဂ်တစ်ခု ဖန်တီးပြီး တင်နေတယ်။ ထုံးစံအတိုင်း တစ်နေ့နည်းနည်းနဲ့ (Buddhist Terms Dictionary) တင်သလိုပေါ့။ သိပ်တော့မများပါဘူး စာမျက်နှာက ၃၀၀ကျော်နဲ့ စကားပုံပေါင်းက ၈၂၃ ခု ... :)
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ပေါ့နော် ... :)
Link က http://www.myanmar-proverbs.co.cc
ကျေးဇူးတင်စွာဖြင့်,
ကိုရုပ်ဆိုး
၀၅-မေလ-၂၀၀၉ (၁၄း၁၁ မိနစ်)
Saturday, May 2, 2009
Free Online Blog Backup တဲ့
Free Online Blog Backup တဲ့ ။ သူငယ်ချင်း ဘလော့ဂ်ဂါတွေအတွက် ဝေမျှပေးလိုက်တယ်။
မူရင်းတင်ပြချက်က ဒီနေရာမှာ ဗျို့ .........
ကျနော့ ၀င် စမ်းကြည့်တာ၊ အဆင်ပြေပါတယ်။ ထွေထွေ ထူးထူးမရှိဘူး။
ကျနော့ ဘလော့ဂ်ကိုလည်း backup လုပ်ထားတယ်။
စမ်းကြည့်ပေါ့ဗျာ......။