Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, September 18, 2008

“ထွက်ဆို့”

Bonjour mes amis, (မင်္ဂလာပါ သူငယ်ချင်းများ) မင်္ဂလာဆောင်ပါတော့ မဟုတ်ဘူးနော် ... :)

ကဲ ... ကျနော့်ညီ မောင်မျိုးလေးကလည်း ခွင့်ပြုပါတဲ့။ ဘာကိုလည်းဆိုတော့ ဘလော့ဂ်ရေးခြင်းကို နားပါဦးမယ်ခင်ဗျာတဲ့။ ဘလော့ဂ်တော့လည်မယ်တဲ့....။ အင်း ... ငယ်ငယ်က ဂျင်ပေါက်တန်းကစားတာကို သွားပြီးအမှတ်ရမိတယ်။ ကိုယ်က ကစားဝိုင်းက ခဏနားချင်ရင် “ထွက်ဆို့” လို့အော်ပြီး၊ ပြန်ဝင်ချင်ရင်တော့ “၀င်ဆို့” .. အသံထွက်ကတော့ “၀င်ဆုတ်” “ထွက်ဆုတ်”လို့ အော်ကြတာပဲ...။ သူလည်း “ထွက်ဆို့”လို့ အော်သလို ကျနော့ကိုလည်း အော်ခွင့်ပေးပါ။ ဒါပေမယ့် တစ်ပါတ် (၇)ရက်တည်းပါ။

စာမေးပွဲရှိတယ်ဗျ။ (၇)နှစ်လုံးလုံး <မှတ်ချက် = ၃ နှစ်က အနားတောင်းထားတာ> သင်ယူလေ့လာခဲ့တဲ့ ပြင်သစ်ဒီပလိုမာ နောက်ဆုံးနှစ်၊ နောက်ဆုံး စာမေးပွဲ ဖြေရမှာ။ လာမယ့် တနင်္လာနေ့ (၂၂-စက်တင်ဘာလ-၂၀၀၈)။ ကျနော်လည်း သူ့လိုပဲ အလည်တော့ လာဖြစ်မယ်။

Au revoir, (နှုတ်ဆက်တယ်၊ ပြန်တွေ့မယ်)

A bientôt. (မကြာခင်ပေါ့)

ပုံနှိပ်စာလုံးရယူရန်

6 comments:

  1. အကိုရေ စာမေးပွဲ ကောင်းကောင်းဖြေနိုင်ပါစေနော် :D

    ReplyDelete
  2. အင်းး ထွက်ဆုတ် တွေများနေတယ်.. မြန်မြန်ပြန်လာကြပါနော်...
    စာမေးပွဲဖြေနိုင်ပါစေ အစ်ကိုကြီးး :D

    ReplyDelete
  3. အစ်ကိုရေ... အောင်မြင်စွာ ဖြေဆိုနိုင်ပါစေဗျာ။ ကြည့်ထားသမျှ
    ဒဲ့ တိုးပါစေဗျာ။

    ReplyDelete
  4. စာမေးပွဲကို အောင်မြင်ပိုင်နိုင်စွာ ဖြေဆိုနိုင်ပါစေ အကိုရေ... :)

    ReplyDelete
  5. စာမေးပွဲဖြေနိုင်ပါစေ အစ်ကိုကြီးးးး ........။

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။