မောင်ရုပ်ဆိုး နှင့် အင်တာဗျူး (သို့) ဘလော့ဂ်များ၌ စွဲလမ်းခြင်း
မနေ့ညက ကျနော် အရှင်လတ်လတ် နတ်ပြည်ရောက်သွားတယ်ဗျ။ ကျနော့ဘေးနားမှာလည်း ကောင်မလေး ချောချောလေးတွေ အို…. များတာမှ ဘယ်လိုများသလဲဆိုတော့ အထည်ချုပ်စက်ရုံထဲ ရောက်သွားသလို၊ ဆေးလိပ်ခုံထဲ ရောက်သွားသလို၊ မိန်းကလေးကျောင်းထဲ ရောက်သွားသလို …. အဲဒီလိုကို …. မချောအများ ကိုယ်အခန့်သား ဆိုသလိုပေါ့ဗျာ ။
သူတို့ဆီက ရနံ့လေးတွေကလည်း မေမြို့ ရုက္ခဗေဒဥယျာဉ် (ယ္ခု ကန်တော်ကြီး အမျိုးသားဥယျာဉ်) ထဲရောက်သွားသလို၊ ပြင်သစ်ပြည်ကရေမွှေးနန်းတော်ထဲပဲ ရောက်သွားသလို၊ ညဈေးတန်းက ပန်းသေးခေါက်ဆွဲဆိုင်ပဲ ရောက်သွားသလို … မွှေးချက်ဗျာ … လွန်ရော….။
မီးရောင်တွေ တထိန်ထိန်၊ ဓါတ်ပုံတွေ တဖျပ်ဖျပ်နဲ့၊ ၀ိုင်းလာလိုက်တဲ့ သတင်းထောက်တွေကိုလည်း ကာရံပေးနေတဲ့ ကိုယ်ရံတော်တွေကအပြည့်၊ ဒီလိုအဖြစ်အပျက်ဆိုရင် မဟုတ်သေးပါဘူးဟ ဆိုပြီး ကိုယ့်ပေါင် ကိုယ်ပြန်ဆိတ်ကြည့်တော့မှ အားလားလားးးးးးးးးး အိပ်မက်ကိုးဗျ။ ဘယ်ရမလဲ ဒီလို အိပ်မက်မျိုးတော့ ဘယ်အလွတ်ခံနိုင်မလဲ။ ဇွတ်ကြိတ်မှိတ်ပြီးတော့ကို ဆက်မက်တာ။
လာပြီ … လာပြီ …။
မရွှေချောတစ်ယောက် …. မတ်ခွက်ကြီးကိုင်လို့ (အဲလေ) မိုက်ခွက်ကြီးကိုင်လို့။ “ကိုရုပ်ဆိုး” ကို ဗျူးချင်လို့ပါ ရှင်တဲ့….
ကျနော်ကလည်း ဘာရမလဲ …. ဗျူးပါဗျာ … ဗျူးပါ … အဗျူးခံချင်နေတာကြာလှပြီပေါ့ ….။
ဒါပေမယ့် စပြောကတည်းကိုက တလွဲ … ကိုရုပ်ဆိုးက ရုပ်အရမ်းဆိုးတယ်နော်တဲ့။ သွား, နင် ငါ့အနားမလာနဲ့ သွား … အော်ငေါက်ပစ်လိုက်တယ်။ ဘယ်ရမလဲ။ ဒီလို ဒဲ့ဒိုးကြီးပြောတာတော့ ဘယ်ခံလိမ့်မတုန်း။
ဟော … လာပြန်ပြီ နောက် မချော တစ်ယောက်။ မမြင်ချင်ယောင်ဆောင်ပြီး ဘေးနားက အချစ်ကလေးတွေနဲ့ ရီဖြဲဖြဲ လုပ်နေလိုက်တာပေါ့။
သူလေးက စကားစလာတယ် …. ကိုရုပ်ဆိုး ဆိုလို့၊ ရုပ်ဆိုးလိမ့်မယ်ထင်နေတာ။ ဒို့ အကိုက ခန့်ချောကြီးနော်တဲ့။ အင်း … ဒီကောင်မလေး လူမှုရေးမဆိုးဘူးဟ။ အလိုက်သိတယ်။ အဗျူးခံလိုက်မှ ….
အကို တဲ့
အကို … ဘယ်သူ့ ၀တ္ထုတွေ အဖတ်များလည်းတဲ့ …။ နိုကိုဥဇူးဇင်လား …၊ စောပြည့်အာပလာ လားတဲ့။
အို မဟုတ်တာ …. အကိုက ရွှေပြည်သူရဲ့ ၀တ္ထုတွေပဲဖတ်တာလို့။
ထပ်မေးသေးတယ် ….။ အကို … ဘယ်အကောင်လေးတွေကို အချစ်ဆုံးလည်းတဲ့ …။ ယုံလေးတွေလား၊ ပူးလေးတွေလား၊ ဟံဆာလေးတွေလားတဲ့။
အို မဟုတ်တာ … အကိုက “ဇင်ယော်”လေးပဲ ချစ်တာလို့။
ဒါဆို … အကို အခုလို အောင်မြင်နေတာကော ဘယ်သု့ ဒဿနတွေကို မှီငြမ်းလို့လည်းတဲ့ …။ ဒေးကာနက်ဂျီလား …၊ ဖေမြင့်လား တဲ့…
အို မဟုတ်တာ … အကိုက ရီပါတ်ဗလစ် ရဲ့ ဒဿနတွေကို မှီငြမ်းတာလို့။
သူလေးက စကားကြော ဒီလိုရှည်သေးတယ် …. အကို ရုပ်ရှင်ကြည့်တဲ့အခါ ဘယ်ဒါရိုက်တာ ကားတွေကို အကြည့်အများဆုံးလည်းတဲ့ … မီးပွားရဲ့ ရိုက်ချက်လား … ၊ စတီဗင် ဆာလာဖတ်လား တဲ့။
အို မဟုတ်တာ … မောင်မျိုး ရဲ့ ရင်တွင်းဖြစ်လေးတွေကိုပဲ ကြည့်တာလို့ …
အထွန့်တက်သေးတယ် ဒီလိုလေ … ဘယ် ရာသီဥတုကို အကြိုက်ဆုံးလည်းတဲ့ … နွေဦးလား၊ လေရူးလား၊ ဆောင်းဦးရွက်ကြွေ ချစ်သက်သေလားတဲ့ ….
အို မဟုတ်တာ … မေ လ မှာ ရွာတဲ့ မိုး လို့ ဒါမှမဟုတ်ရင် နှင်းစက်မိုး လို့…. ရဲရဲကြီးပေါ့ ဖြေလိုက်တယ်။
ကမ္ဘာလောကကြီးမှာ အကိုအကြိုက်ဆုံးကတဲ့ …. ပီဇာလား၊ နီနာလား၊ ပလီပလာ လားတဲ့ ….
အို မဟုတ်တာ … စိတ်ကူးကမ္ဘာလေး ပါ …
နောက်ပြီးတော့လေ … သူမက လေရှည်သေးတယ် … ရသ တွေထဲမှာ ဘယ်ရသကို အကြိုက်ဆုံးလည်းတဲ့ … ၀ီရ လား …၊ ဟာသ လား၊ ဘယ လား .... တဲ့
အို မဟုတ်တာ … ဓမ္မရသ ကို အနှစ်သက်ဆုံးပါကွယ် လို့ …
နောက်ဆုံးတစ်ခွန်းမေးမယ်နော်တဲ့ … ဟတ်ကဲ့လို့ ဖြေသံမဆုံးသေးဘူး ….
အကိုက ဘယ်လို လူနေမှုပုံစံကို အကြိုက်ဆုံးလည်းတဲ့ … မြို့သားစတိုင်လား၊ ဂြိုလ်သားစတိုင်လား …
အို မဟုတ်တာ … အကိုက ရွာသားလေး စတိုင်ကို အခိုက်ဆုံးပဲလို့၊ ကျွဲကျောင်း၊ နွားကျောင်း၊ မိန်းကလေးကျောင်းရင်း … ရင်း လေရှုရတာလို့၊ အကိုက ဗီလစ်ဂျား စတိုင်လို့ ...
တလက်စတည်းပါတဲ့ YTU ဆိုတဲ့ အဓိပ္ပါယ်ကို သိသလားတဲ့ .. You are Truly Understandable လားတဲ့
အို မဟုတ်တာ … သိတာပေါ့ You are Truly Ugly လို့ အဓိပ္ပါယ် ဖွင့်နေတုန်း …
“မောင်”ရေတဲ့ ထတော့တဲ့၊ ထမင်းအိုးလေး ထ တည်လိုက်ပါအုံး၊ သမီးအကြီးအတွက် ထမင်းချိုင့်၊ သားငယ်နိုးလာရင် စားဖို့အတွက်၊ ကျနော် မသွားခင် စားသွားဖို့အတွက်ဆိုပြီး ရှုမငြီးတဲ့ ချစ်ဇနီးလေး နှိုးလိုက်တာနဲ့ပဲ …. နေ့တနေ့ကို ရုန်းကန်ဖို့ အမှန်အကန် မောင်ရုပ်ဆိုး အိပ်ယာထက်မှ ကုန်းရုန်းနိုးထလိုက်လေတော့သတည်း ….. အဟီး ဟီး
*** ဘာရေးရမှန်းမသိလို့ စိတ်ကူးပေါက်ပေါက်နဲ့ ရေးထည့်လိုက်တဲ့ ဟာလေးပါ။ ဘလော့ဂ်ဂါ ညီအကို၊ မောင်နှမ များ ပြုံးပျော် ကြည်နှုးနိုင်ကြပါစေ .... လွန်တာရှိ ၀န္တာမိ၊ မပါသေးသူများ စိတ်မဆိုးကြေး ...
တကယ့်ကို ကျနော်က Your Truly Ugly ပါကိုရုပ်ဆိုးရေ
ReplyDeleteဝေးးး နာမည်ပါတယ်.. ဟိ ဟိ...
ReplyDeleteပြုံးပျော်ကြည်နူးပြီးပြန်သွားတယ် :P
ဒီလိုအိမ်မက်တွေများများမက်နိုင်ပါစေဗျို့..... :P
အယ်...မထင်ရဘူးး အစ်ကိုကြီးက ရယ်စရာလည်းရေးတက်တယ် ဟားဟား တကယ်ရယ်ရတယ်ဗျား) You are Truly Ugly အဲ့ဒါ ဂယ်ကြီးလား အစ်ကို ထင်တော့ထင်သားနော့် ။
ReplyDeleteအစ်ကိုရုပ်ဆိုးရေ... အခုမှ ဖတ်ရတာ။ နံမည်ပါလို့ အရမ်းပျော်သွားတယ်။ အရမ်းလည်း ရယ်ရတယ်အစ်ကို။ အစ်ကိုက ရယ်စရာတွေလည်း ဟာသတကယ်မြောက်အောင် ရေးတတ်တာပဲ။ အခုမှ ဖွက်ထားတဲ့ အရည်အချင်းတွေ တခုပြီးတခုကို ထုတ်ပြနေတော့တာပဲး)
ReplyDeleteဟာသလေးကိုအရမ်းသဘောကျတယ်ကိုရုပ်ဆိုးရေ များများရေးနိုက်ပါစေ :)
ReplyDeleteဟား...အိမ်မက်က လန်းတယ်ဗျ။ မချောလေးတွေ ၀ိုင်းပြီး အင်တာဗျူးနေတယ်။ အိမ်မက်ထဲမှာ အနော်လည်းပါတယ်ပေါ့။ ဟီးဟီး..မျက်နှာလိုက်တယ်ဗျ။ အနော့်ကျတော့ မဗျူးဘူး။ နောက်တခါ မက်ရင် အတင်းဝင်ပြီး ဗျူးမှာပဲ။ ရဘူး။.......
ReplyDeleteမေလမှာ ရွာတဲ့ မိုး ဆိုတာ သူများကိုပြောတာပေါ့ ။ပျော်သွားပြီ ရှဲရှဲ so much ။
ReplyDeleteဟက်..ဟက်...
ReplyDeleteဖတ်လို့ကောင်းတဲ့ ဟာသလေးပါနော်..
ဒါနဲ့ အင်တင်တင်ဗျူး..အဲ..အင်တာဗျူးတဲ့ ကောင်မလေးက
ချော်ချော်လေး..အဲ..ချောချောလေးလား..?
ကိုရုပ်ဆိုးရေ့  လာလည်ရင်းပို စ်တွေဖတ်သွား
ReplyDeleteတယ်၊ ပျော်စရာလေးပါပဲ၊ ပိုစ့်ထဲက ဇင်ယော် ၊
နှင်းစက်မိုး၊ စိတ်ကူးကမBာလေး ၊ ရွာသားလေးဝိုင်တီယူ
သူတို့ လေးတွေက ကျမ စိတ်ဝင်စားပြီး ကျမ
မှာလင့်ချိတ်ထားတာလည်းမရှိသေးလို့  ကိုရုပ်ဆိုးကျေး
ဇူးနဲ့ လင့်လိုက်ပါတယ်၊ ကျေးဇူးတင်လျက်။
အကို ရုပ်ဆိုးရေ ..ကျေးဇူးပါ ၊၊ နှစ်သက်ပျော်ရွှင်ဖွယ် ရေးပေးလို့၊၊ ပြုံးပျော်မိပါတယ် ၊၊
ReplyDeleteလူကိုစုံသွားတာပဲ။
ReplyDelete