Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, August 22, 2008

ကိုရုပ်ဆိုး ဘလော့ဂ် ပရိုမိုးရှင်း

အင်း ... အခုတလော ကိုယ်ကလည်း ပို့စ်အသစ်မတင်နိုင်တော့။ လာဖတ်သူတွေ အလာကျဲသွားတာကို သတိထားမိတယ် :(
ဒီလိုတော့ ဘယ်ရမလဲ ...။ ပရိုမိုးရှင်းဆိုတာကြီး ရှိသေးတာပဲ ....။ 
အဲဒီတော့ ကိုရုပ်ဆိုးရဲ့ ဒိုင်ယာရီကို လာလှန်တဲ့ (ဒိုင်ယာရီပဲနော်...:) လူတိုင်းအတွက် လက်ဆောင်ပေးမယ်။
အောက်က လင့်ခ် ကလေးကိုသာ နှိပ်ပြီး သွားရောက်ယူလိုက်ကြပါဗျာ ....။



ဟော့ဒီမှာ ၂၄ ရက်၊ သြဂုတ်လ၊ ၂၀၀၈။ ညနေ (၅)နာရီ သုဝဏ္ဏကွင်း မိုးလုံလေလုံမှာ ကျင်းပမည့် IC ရဲ့ လေးဖြူပါဝင်လာတဲ့ နာဂါစ်ဒုက္ခသည်များအတွက် ရံပုံငွေ Stage Show လက်မှတ် ...။ လိုသလောက် ယူ။ ကြိုက်သလို သွားတာကဲ။ ကိုရုပ်ဆိုးကို အဲဒီမှာ တွေ့ရင် .... လက်မပြကြေး၊ မပြုံးပြရကြေး၊ ဘလော့ဂ်မှာ ပြန်မတင်ကြေး............။



ဆက်ဖတ်မယ်ဆိုရင်...

Thursday, August 14, 2008

မြန်မာဝီကီ မှ ကိုရုပ်ဆိုးရဲ့ နောက်ထပ် ပို့စ်တစ်ခု

ဘယ်လိုလဲ ဘလော့ဂ်ဂါ သူငယ်ချင်းများ ....

ကျနော်ရဲ့ “ထန်း”အကြောင်း မြန်မာဝီကီမှာ ဖတ်ပြီး ထန်းရည်သောက်ချင်နေပြီလား။ ကျနော်ကတော့ တင်နေတုန်းမှာ တ၀သောက်လိုက်လို့ ရီဝေေ၀ (ရီဝေယံ) မဟုတ် (ရီဝေရမ်း)လည်းမဟုတ်။

အခု နောက်ထပ် “၀ါး”ဆိုတာ တင်ထားသေးတယ်။ ဧရာဝတီတိုင်းမှာ အိမ်တွေသွားဆောက်ပေးရင်းနဲ့ ၀ါးအကြောင်း အတော်အတန်သိလာသလို၊ ကိုယ့်မှာကလည်း စာပေဗိမာန် စာမူဆုရထားတဲ့ “မြန်မာ့ဝါး”စာအုပ် ရှိနေတာနဲ့ တင်လိုက်တာ။ စိတ်ဝင်စားဖို့ကောင်းတယ်။ ၀ါး (၁)မျိုးစီရဲ့ အသုံးဝင်ပုံကို ထပ်တင်အုံးမှာ။ အချိန်နည်းနည်းတော့ ပေးပါဗျာ။ တဖက်ကိုဘဲ မည်းနေရင် ဘလော့ဂ်ဂါသူငယ်ချင်းတွေက ကျနော့ဘလော့ဂ်ကို အလာကျဲသွားမှာလည်း စိုးရိမ်တယ် ... ဟဲ ဟဲ ... အသစ်မတင်လည်း သူငယ်ချင်းတွေက လာလည်မြဲပါ ... ဟုတ်တယ်ဟုတ်။

အောက်မှာ လင့်ခ် လေး ပေးလိုက်တယ်။ လိုအပ်တာရှိရင် အကြံပေးကြပါအုံး။


ဝါး (သို့မဟုတ်) ၀ါးပင်

ဆက်ဖတ်မယ်ဆိုရင်...

အမှတ်တမဲ့မှ အမှတ်တရသို့ ....

ဒါက နောက်တစ်ပုဒ် ....

+ - + - + - + - + - + - + -

“လက်မထုတ်ရ”
“ဂေါင်းမပြူရ”
“ကွမ်းတံတွေးမထွေးရ”
“ဆေးလိပ်မသောက်ရ”
“မီးပွိုင့်တွင် အတက်အဆင်းမလုပ်ရ”
“ ............... ရ”

သတိပေးမှုတွေနဲ့
ဘေးကျပ်နံကျပ် သွားလာခဲ့တဲ့ငါ
တစ်ချက်အငိုက်မှာ
ငါ့ရဲ့နှလုံးသားကို
မင်း ခိုးသွားတယ်

ကောင်မလေးရေ
မင်း, ဘယ်မှာနေလဲ ?
မင်း, ဘယ်သူလဲ ?
မင်း, နာမည်ဘယ်လိုလဲ ?
မင်း, ........... လား ?

*** အမှတ်မထင်မြင်လိုက်ရတဲ့ စွဲမက်ဖွယ်ကောင်းသော ခပ်ချောချော ကောင်မလေးတစ်ယောက်သို့ ....

ကိုရုပ်ဆိုး
(၁၄ သြဂုတ်လ၊ ၀၈) ၁၃း၁၀ မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ခါးပိုက်နှိုက် သတိပြု

ဒီမနက် လိုင်းကားစီးရင်း .... “ခါးပိုက်နှိုက် သတိပြု”ဆိုတဲ့ သတိပေးဆောင်ပုဒ်လေးကို ဖတ်ရင်း .... အိုင်ဒီယာ ရလာတာပါ။ :)   :P  :D

@ @ @ @ @ @ @ @ @  @ @ @ @ @

ငါ့ရဲ့ ခါးကိုပိုက်လို့
ငါ့ရဲ့ အသည်းနှလုံးကိုမှ
နှိုက်ယူသွားတဲ့ ကောင်မလေးရေ...

ပီတိတွေဝေလို့
ပြုံးစစ မျက်နှာပေးနဲ့
လက်ပြနှုတ်မဆက်လေနဲ့ကွယ်

မင်းလက်ထဲက နှလုံးသား
အတုလား အစစ်လား
မင်းမှ မသိသေးတာ ...။

ကိုရုပ်ဆိုး
(၁၄ သြဂုတ်လ၊ ၀၈) ၁၂း၂၅ မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, August 13, 2008

မြန်မာဝီကီ - ထန်းပင် အကြောင်းသိကောင်းစရာ

ကျနော် ဒီနေ့မနက်ပဲ မြန်မာဝီကီမှာ ထန်းပင် နဲ့ ပါတ်သက်တဲ့အကြောင်းလေးကို အစမ်းသဘော တင်ထားတယ်။ Blog တစ်ခု ရေးရတာထက်စာရင် နည်းနည်းရှုပ်တယ်။ တချို့ internal link တွေဆို ဘယ်လို လုပ်ရမလဲတောင် မသိသေးဘူး။ မချိတ်မိဘူး ဖြစ်နေတာ။ Content ကိုလည်း သူတို့ဘာသာ လုပ်ပေးမှာလား၊ ကိုယ်ကိုတိုင် လုပ်ရမှာလား မသိဘူးဖြစ်နေတယ်။ 

ဒီမှာ သွားလည်ကြည့်ပြီး လိုအပ်တာများရှိရင် ပြင်ဆင်ပေးခဲ့ကြပါလို့ ဘလော့ဂ်ဂါ သူငယ်ချင်းများထံ အပူကပ်ပါရစေ။

၁၉၈၆ ခုနှစ်၊ စာပေဗိမာန်မှ ချီးမြှင့်တဲ့  သုတပဒေသာ - (၀ိဇ္ဇာပညာရပ်) စာမူဆုရ တဲ့ မောင်လင်းသူ (ညောင်ဦး) စာအုပ်ထဲက အကြောင်းအရာလေးတွေကို အကျဉ်းခြုံး တင်ပြထားတာပါ။

နောက်ထပ် ထန်းလျက်ကျိုချက်ခြင်း၊ ထန်း ဖို မ ခွဲနည်း၊ ထန်းလုပ်ငန်းဆိုင်ရာ ပစ္စည်းများ၊ ထန်းအပိုပစ္စည်းများ အသုံးဝင်ပုံ စတာတွေကို တဖြည်းဖြည်း တင်ပေးမှာဗျ။ စောင့်မျှော်ပေးကြပါအုံး။

ဆက်ဖတ်မယ်ဆိုရင်...