Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, February 3, 2009

တစ် မှ တစ်ဆယ်သို့ လှစ်ဟခြင်း

(၁)
ကို
ရုပ်
ဆိုး ...

(၂)
ဘဝ
အစ
မလှ ...

(၃)
အောင်မြင်ခြင်း
ရှုံးနိမ့်ခြင်း
လူးလိမ့်ရင်း ...

(၄)

လဲကျရင် ထ
ရှုံးနိမ့်ရင် မ
အရှေ့ဆီသို့ ...

(၅)
မိန်းမောနေခြင်းများ
ငေးမောနေခြင်းများ
ဟိုး ... အဝေးဆီသို့ ...

(၆)
လုပ်သက်ကနှစ်ကြီးလာ
ဝင်ငွေကမလောက်တာ
စဉ်းစားဖို့ကများလာ ...

(၇)
မလောက်ငှတာလူတိုင်း
ငွေလိုတာ အရူးတပိုင်း
ငါ့ဘ၀က မီးတွေဝိုင်း ...

(၈)
မျှော်လင့်ခြင်းတွေက အထပ်ထပ်
ဖြစ်နေတာက အပျက်...အပျက်
စိတ်ညစ်တာက နေညမပြတ်

(၉)
ကိုရုပ်ဆိုးက အသုံးမကျဖြစ်
ဘလော့ဂ်ဂါမောင်နှမတွေစိတ်ညစ်
မျှော်လင့်နေတာ နေညဆက်လို့ဖြစ်

(၁၀)
..........
..........
??????????

ကိုရုပ်ဆိုး
၃၁-ဇန္န၀ါရီ-၀၉ (၂၀း၄၇)မိနစ်

ပုံနှိပ်စာလုံးရယူရန်

6 comments:

  1. အစ်ကိုကြီးရေ့ ကဗျာလာဖတ်သွားတယ် လောကဓံကို ကြံ့ကြံ့ခံနိုင်ပြီးသား သူက လွယ်၂နဲ့ အားမလျှော့နိုင်ဘူးဆိုတာ ညီယုံပါတယ် ကိုယ့်အလှည့်ကျ ဘာမှ အားပေးစကားတိတိကျကျ မပြောနိုင်တာ စိတ်မကောင်းဘူး အဆင်ပြေပါစေ အားတင်းထားဗျို့း)

    ReplyDelete
  2. အတည်ပြောမယ်နော်။ နံပါတ် ၁၀ ကိုသဘောအကျဆုံးပဲဗျာ။

    ReplyDelete
  3. ကိုရုပ်ဆိုး...
    new year ပြီးကတည်းက ငြိမ်နေလို့။ နှုတ်မဆက်ဖြစ်ပေမယ့်
    လာလည်ဖြစ်ပါတယ်....။ " မလောက်ငှတာလူတိုင်း " လို့ ရေးထားသလိုပါပဲ..။
    အဆင်ပြေပါစေ ဆုတောင်းပေးရင်း၊ ကိုယ်တိုင်လည်း အဆင်ပြေအောင် ကြိုးစားနေရတာပါပဲ..။ "ကိုရုပ်ဆိုးက အသုံးမကျဖြစ်" ဆိုတာတော့ မဟုတ်ပါဘူးဗျာ...
    ဘာပဲဖြစ်ဖြစ် Rap သီချင်းနဲ့တူတဲ့ ကဗျာလေး ဖတ်သွားပါတယ်။

    ReplyDelete
  4. (၅)
    မိန်းမောနေခြင်းများ
    ငေးမောနေခြင်းများ
    ဟိုး ... အဝေးဆီသို့ ...
    :)

    ReplyDelete
  5. အိုင်ဒီယာလေးကောင်းတယ် ကဗျာလေးခံစားသွားတယ်အကို

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။