သတိရတမ်းတ သံဝေဂ
အခုတလော ...... ငယ်သူငယ်ချင်းတွေဆီက မင်္ဂလာသတင်းတွေကော၊ အ,မင်္ဂလာသတင်းတွေပါ ဆက်တိုက်ကြားနေရတယ်။ ဟေ့ကောင် ... ဘယ်သူတော့ဖြင့်ဆုံးသွားပြီကွ။ ဘယ်သူ ဘယ်နေ့ကလေ ဆုံးသွားတာ မင်းမသိလိုက်ဘူးလား၊ ငါတို့ သူငယ်ချင်း ဟိုကောင်မလေးလေ ..ဆုံးသွားပြန်ပြီကွ။
အင်း ..... ဘာလိုလိုနဲ့ သေခြင်းတရားဆိုတာ ဘယ်အရွယ်မဆို တွေ့နိုင်တယ်ဆိုတာ လက်တွေ့ပြနေသလိုပဲ။ သတင်းစာထဲမှာ ငယ်ငယ်ရွယ်ရွယ်တွေ ဆုံးပါးသွားတာ မြင်နေ၊ တွေ့နေရပေမယ့် ... ကိုယ်နဲ့ မခင်၊ မချစ်ကြတော့လည်း ဒီလိုပဲ သတင်းအမှတ်နဲ့ ဖတ်လိုက်တာပဲ။
အခုလို သံယောဇဉ်ရှိတဲ့လူတွေ၊ ခင်ခင်မင်မင် ပေါင်းလာခဲ့တဲ့လူတွေ၊ တစ်ယောက်ပြီး တစ်ယောက် ခွဲခွါသွားတဲ့အခါ ... သြော် . ငါ့အလှည့်လည်း ဘယ်တော့လည်းလို့ စဉ်းစားလိုက်တော့ “မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး”ရဲ့ “သတိရတမ်းတ သံဝေဂ”လေးကို သတိရမိတယ်။
ကံစေရာနောက် ကောက်ကောက်ပါအောင်
ပုန်းရှောင်မရ ငါလိုက်ရပြီ
ငါကအမှန် မလိုက်ချင်သေးပါ ....။
ဖွေရှာသိုမှီး ပစ္စည်းရွှေငွေ အထွေထွေနှင့်
ငါ့အိမ်၊ ငါ့မြေ၊ စည်းစိမ်ဥစ္စာ ရတနာကို
ငါကခုံမင် မစွန့်ချင်လည်း
ငါပင်စွန့်ရ ပစ်ခဲ့ရပြီ
ငါကအမှန် မစွန့်ချင်သေးပါ ....။
(သြော်) မလိုက်မနေ နေချင်မရ
မစွန့်ချင်လည်း စွန့်ပစ်ခဲ့ရ။
ကံကစီမံ ငါ့ကံအတိုင်း အချိန်းပိုင်းလာ ခိုနားရာမှ
ပြန်လည်ကာလှမ်း ဘ၀ကြမ်းပြင် ခရီးနှင်ပြီ
ငါသည်အရင် သွားနှင့်ပြီ ....။
ကောင်းပါတယ်ဗျာ။ ဆရာတော်ကြီးရဲ့ အဆုံးအမက အံ့မခန်းပါပဲ။ မျှဝေပေးလို့ကျေးဇူးပါဗျာ။
ReplyDeleteအစ်ကို ... ညီဒီကဗျာကိုဖတ်ရတော့ ....
ReplyDeleteစိတ်ထဲမှာတမျိုးပဲ .... ဘုန်းကြီးကျောင်းသွားပြီး
တရားရိပ်ခိုချင်စိတ်တောင်ပေါက်သွားတယ်.....
ချစ်သူကိုထားခဲ့ပြီးတော်လေ ....
အစ်ကို့ကိုကြည့်ရတာ ဒီရက်ပိုင်းတမျို့ပဲ
မျက်နှာမကြည်သလိုပဲ ... ညီတောင်မေးမယ်မေးမယ်နဲ့
အစ်ကိုရေ... တကယ်တော့ကျွန်တော်တို့လည်းသေနေ့ကို
ထမင်းစားပြီးစောင့်နေကြရတာပဲလေ.....
အစ်ကိုဒီလို Post လေးတွေတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါ
တယ်... တကယ်တော့အစ်ကိုက ကျွန်တော့်ရဲ့ဆရာပါလေ
ကျွန်တော့်ကိုလည်းမကြိုက်တာရှိရင်ဆုံးမနော်အစ်ကို သိလား ။
ညီ...ကြောက်လာပြီး အစ်ကိုကြီးရေ့ ဘာမှမပြင်ဆင်ရသေးဘူးး
ReplyDeleteအရမ်းမှန်တယ် အစ်ကိုရုပ်ဆိုးရေ... သိရဲ့သားနဲ့ မကြောက်တတ်ကြ တာကိုက ညီမတို့လူသားတွေရဲ့ သဘာဝထင်ပါရဲ့။ သံဝေဂလင်္ကာလေး ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို...
ReplyDelete