Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, January 18, 2010

“THE CRADLE TO THE GRAVE”

အောက်တိုဘာလ (၂)ရက်၊ ၂၀၀၉ ခုနှစ်နေ့မှာ မွေးဖွားတဲ့ ကျနော့သားငယ်လေး "ဟိန်းအာကာ"ရဲ့ ရက် (၁၀၀)ပြည့် မွေးနေ့အလှူလေးမှာ သူ့အတွက် ကျနော် ရေးစပ်ထားတဲ့ ကဗျာလေးပါ။

 



“THE CRADLE TO THE GRAVE”

(၁)
သားငယ် ကိုဟိန်းရေ
အူဝဲလို့ ငိုသံနဲ့အတူ
သားငယ်တစ်ယောက်
လူ့လောကထဲကို၀င်ရောက်
ထိုနေ့တစ်နေ့ အရောက်မှာတော့
အဖြူရောင်ပိတ်စနဲ့ ထွေးပွေ့
ဖြူဖြူစင်စင် စတဲ့ နေ့တစ်နေ့ပေါ့ …။

(၂)
သားငယ် ကိုဟိန်းရေ
လူ့လောကကို အဆုံးသတ်
၀မ်းနည်းခြင်းတွေ ပြည့်နှက်တဲ့
အဲ့ဒီနေ့လေး အရောက်မှာလည်း
အဖြူရောင်ပိတ်စကိုခြုံလွှမ်း
အဖြူရောင် နတ္ထိ ကိုသယ်လို့
လောကကို မျက်စိမှိတ်တဲ့
အဲ့ဒီနေ့လေးတစ်နေ့ ပေါ့ …။

ဟော့ဒီ
အဖြူရောင်နဲ့ စ - အဖြူရောင်နဲ့ ဆုံးတဲ့
ပ ဉ္စလက် လောကကြီးကို ဖြတ်သန်းဖို့အတွက်
အဖေ မှာချင်တာက …
“ ဖြူသော အတွေး၊ ဖြူသော အကျင့်၊
ဖြူသော စကား၊ ဖြူသော အလုပ် “ များနဲ့
ဖြူဖြူစင်စင် ချီတက်
လောကကြီးက
နေတတ်ရင် ကျေနပ်စရာပါ သားရေ။

ဖေကြီး
ကိုရုပ်ဆိုး
(၁၀-၁-၂၀၁၀ / ၂၄း၂၅ မိနစ်)

ဆက္ဖတ္မယ္ဆုိရင္...

Thursday, July 16, 2009

မြန်မာပြက္ခဒိန်

ဘလော့ဂ်သူငယ်ချင်းများ ကိုရုပ်ဆိုးကို မေ့လောက်နေပြီထင်တယ်။

အခုလည်း ဘာရယ်မဟုတ်ပါဘူး။ Online မှာ မြန်မာပြက္ခဒိန်က ရှားရှားပါးပါး ရှာရတာဆိုတော့၊ ကိုရုပ်ဆိုးတစ်ယောက် ၂၀၀၉ ခုနှစ်အတွက်ရယ်၊ ၂၀၁၀ ခုနှစ်အတွက်ရယ်၊ မြန်မာပြက္ခဒိန်နှင့် ပွဲတော်များ ကို ဘလော့ဂ်လေးတစ်ခုဖန်တီးပြီး တင်လိုက်တယ်ဗျာ။ သွားရောက်လေ့လာ၍ ပေါ်, မပေါ်၊ ကောင်း, မကောင်းလေး မန့် ခဲ့ပါလို့ တင်ပြတောင်းဆိုရင်း

လင့်ခ် က ......... http://myanmar-calendar.blogspot.com

အားလုံးရဲ့ တစ်ချိန်က

ကိုရုပ်ဆိုး

ဆက္ဖတ္မယ္ဆုိရင္...

Tuesday, May 12, 2009

မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေသ အလွတ်ကျက်နည်း

ဒုတိယဗိုလ်မှူးကြီး ခင်အောင်မြင့် ထုတ်နှုတ်ရေးသားခဲ့တဲ့ မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေသ (၁၀)ရက်အတွင်း အလွတ်ကျက်နည်းကို ကျနော် ဖြန့်ဝေပေးလိုက်ပါတယ်။

အောက်ဖော်ပြပါ လင့်ခ်လေးမှာ ကူးယူပြီး၊ ပုံနှိပ်ထုတ်ယူပြီးရင် အလယ်မှာ ပြထားတဲ့အတိုင်း ဖြတ်ပါ။ ပြီးရင် စာမျက်နှာအတိုင်းစီပြီး စာအုပ်ချုပ်လိုက်ရင် အိတ်ဆောင်လေးရသွားမယ်။ စာမျက်နှာက ၄-မျက်နှာ၊ ၁ နှင့် ၂ ကို ကျောကပ်ပြီး ပုံနှိပ်ထုတ်ပါ။ ၃ နှင့် ၄ လည်း ဒီအတိုင်းပဲ။


သဗ္ဗဒါနံ၊ ဓမ္မဒါနံ၊ ဇိနာတိ။
အလှူတကာ့ အလှူများတွင် တရားအလှူသည်
အမွန်မြတ်ဆုံးဖြစ်သည်။

ကိုရုပ်ဆိုး
၁၂ မေလ၊ ၂၀၀၉ (၁၈း၅၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ဗုဒ္ဓဘာသာ သိမှတ်ဖွယ်

အသက်ကလေးလည်း ရလာ၊ ဘုရားမကြိုက်, မိဘမကြိုက်, အုပ်ထိန်းသူမကြိုက် စသာတွေချည်းပဲ လုပ်ခဲ့တဲ့ နှစ်အရေအတွက် မနည်းရှိလာတော့ ကိုယ့်ကိုကိုယ် ဆင်ခြင်မိတယ်။

အဲဒါနဲ့ပဲ ဒီ ဘလော့ဂ်လေးကို ဖွင့်ဖြစ်တာပါ။ အနည်းဆုံး ဘုရား၊ တရား၊ သံဃာ အကြောင်းအရာတွေ ရေးနေ၊ ရှာဇွေနေ၊ ဘလော့ဂ်ပေါ်တင်ဖို့အတွက် ပြင်ဆင်နေရတော့ .... မကောင်းတဲ့အလုပ်ကိစ္စတွေ မလုပ်ဖြစ်တော့ အကုသိုလ်နည်းတာပေါ့။

သိမိသမျှ လက်လှမ်းမီသမျှလေးတွေကိုသာ တင်နေတဲ့အတွက် လိုအပ်ချက်များစွာ ရှိနေသေးတယ်ဆိုတာကို ဖွင့်ဟရင်း ... ဘလော့ဂ်ဂါ သူငယ်ချင်းများ တခြားသိချင်သူများရှိရင် လက်တို့ဖို့အတွက် ....


ဗုဒ္ဓဘာသာ သိမှတ်ဖွယ် (http://buddhist-knowledge.blogspot.com)

တင်ပြသူ

ကိုရုပ်ဆိုး
၁၂ မေလ၊ ၂၀၀၉ (၁၈း၁၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 5, 2009

မြန်မာစကားပုံ - www.myanmar-proverbs.co.cc

အခုတလော ... ကို ကိုယ်တိုင် creation မလုပ်နိုင်။ ခေါင်းထဲကလည်း ဘာမှ မထွက်တာနဲ့ ... စိတ်ကူးနေတာ ကြာပြီဖြစ်တဲ့ "မြန်မာစကားပုံ"ကို ဘလော့ဂ်တစ်ခု ဖန်တီးပြီး တင်နေတယ်။ ထုံးစံအတိုင်း တစ်နေ့နည်းနည်းနဲ့ (Buddhist Terms Dictionary) တင်သလိုပေါ့။ သိပ်တော့မများပါဘူး စာမျက်နှာက ၃၀၀ကျော်နဲ့ စကားပုံပေါင်းက ၈၂၃ ခု ... :)

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ပေါ့နော် ... :)

Link က http://www.myanmar-proverbs.co.cc

ကျေးဇူးတင်စွာဖြင့်,

ကိုရုပ်ဆိုး
၀၅-မေလ-၂၀၀၉ (၁၄း၁၁ မိနစ်)

ဆက်ဖတ်မယ်ဆိုရင်...