Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, August 12, 2008

နှလုံးသား မှတ်ဉာဏ်

မင်း မုန်းချင်မုန်းလေ ...
တစ်ခုသော သံသယမရှိပဲ
ငါ, သေချာကြည်လင်စွာ သိတယ်...

မင်း ပုန်းချင်ပုန်းလေ ...
ငါ, မျက်စိကန်းရင်တောင်
မင်းကို ငါ တွေ့အောင်ရှာနိုင်တယ် ...

မင်း ဘယ်နေရာမှာပဲ နေနေ
ငါ ဘယ်နေရာမှာပဲ ရှိရှိ

မင်းနားရောက်တာနဲ့
ငါ့ရဲ့ နှလုံးခုန်သံက
မရပ်မနား ခုန်တတ်သာဆိုတော့ ...

ကိုရုပ်ဆိုး
(၁၂ သြဂုတ်လ၊ ၀၈) ၁၉း၀၅ မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ကျနော်ရဲ့ Buddhists' Terms Dictionary Blog လေး

မင်္ဂလာပါဗျာ ........

ကျနော်ရဲ့ ဘလော့ဂ်ကို လာလည်တဲ့ သူငယ်ချင်းများကို တစ်ခုလောက်ပြောချင်တာက ကျနော် ပါဠိ - မြန်မာ - အင်္ဂလိပ် အဘိဓာန်ဘလော့ဂ်လေး တစ်ခု တည်ဆောက်ထားတယ်။ အဲ့ဒီအတွက် link လေးပေးချင်လို့ပါ။

တည်ဆောက်ဆဲကာလဖြစ်နေသေးတဲ့အတွက် နားလည်ပေးပါအုံး။ တစ်ဝက်တော့ ကျိုးသွားပါပြီ။

ကျော်ခွခြင်းကင်းအောင်လို့
(၁) http://buddhist-terminology.co.cc နဲ့
(၂) http://buddhist-terms.blogspot.com ဆိုပြီး (၂) ခုလုပ်ထားတယ်။

တတ်နိုင်သရွေ့ကြော်ငြာပေးကြပါလို့ .... 

ကျေးဇူးတင်စွာဖြင့်,
ကိုရုပ်ဆိုး

ဆက်ဖတ်မယ်ဆိုရင်...

ပုခက်လွှဲသောလက်သို့ ပေးစာ

မင်္ဂလာရှိသော နေ့လည်ခင်းပါ သူငယ်ချင်းများ ....

ဒီနေ့မနက် ကျန်ရှိနေတဲ့ email အကြွေးတွေဖတ်ရင်း forward လုပ်ထားတဲ့ email ကနေ ဖတ်မိတဲ့ပို့စ်လေးတစ်ခုကို သူငယ်ချင်းများအားလုံးအတွက် ဝေမျှလိုက်ပါတယ်။ ကိုယ်ကိုတိုင်ကတော့ ဒီအချိန်မှာ ဘလော့ဂ်တွေလည်လိုက် ဖတ်ကောင်းရင် ဝေမျှလိုက်ဆိုတဲ့ ကိစ္စလေးတစ်ခုပဲ လုပ်နိုင်လို့ပါ :)

မင်းသစ္စာရဲ့ မင်းသစ္စာ ဆိုတဲ့ blog က ပို့စ်လေးတစ်ခုပါ။ “ပုခက်လွှဲသောလက်သို့ပေးစာ” တဲ့။ မူရင်း ဘလော့ဂ်သို့ အလည်သွားရင်းဖတ်ကြည့်မယ်ဆိုရင် ပိုကောင်းမယ်။ သူ့ရဲ့ တခြားလက်ရာလေးတွေကိုလည်း ခံစားလို့ရတာပေါ့။

အကြောင်းအရာကဏ္ဍပေါင်းစုံကို ဖတ်ရမယ့်အပြင် အခြားဗဟုသုတရစရာ၊ သိသင့်စရာလေးတွေကိုလည်း ဖတ်ရမှာပါ။ အမှတ်မထင်ဖြစ်ခဲ့တဲ့ ကာတွန်းကားနောက်ခံသီချင်းကို အဓိပ္ပါယ် ဖွင့်ဆိုပုံလေးတွေက တက်ကြွစရာပါ။

ဆက်ဖတ်မယ်ဆိုရင်...

လူပျိုကြီး အတွေး (သို့) လောဘ

သူငယ်ချင်းတစ်ယောက်ဆီက ရထားတဲ့ ဟာသလေးပါ။ အားလုံးကို ဝေမျှချင်တာနဲ့ တင်လိုက်တာ။ စိတ်နှလုံး ရွှင်ပြုံး နိုင်ကြပါစေ။
အင်း လူပျိုကြီးများခမျာ ... ရင်လောက်တင်မှ ဒူးလောက်ကျမှာဆိုတော့လည်း ....

လူပျိုကြီးအတွေး

အမြင်လေး ဗိုလ်ဆန်ပေမယ့်
လင်ဆေးလိုဟန် က ကျုပ်အသည်း ။

အမြင်တယ်မငြီးတဲ့
ကင်ထယ်ဟီး က ကျုပ်အသက် ။

စိန်လာမခေါ်ရင် တော့ ၊
အိမ်မှာခေါ်တင်ချင်တာက
အိန္ဒြာကျော်ဇင် ။

ပလီပလာ ဂိုက်တွေနဲ့
ကီရာနိုက်တလေ ကိုချစ်တယ် ။

တည်သယောင်လေးနဲ့
လီယောင်အေး လည်း ချစ်တာပဲ ။

ရင်မှာဆင့်ခေါ်ထားတာက
သဉ္ဖာဝင့်ကျော် လေး ။

အတိတ်စာရင်း တစ်ချက်က
ကိတ်ဝင်းစလက် ကိုလည်း မမေ့ဘူး ။

ရင်ဆီတွန်းဖွင့်တာက
ဂျင်ဂျီဟွန်း အချစ်ပါ ။

အသက်သွန်ပစ်ရပစေ
သက်မွန်မြင့် လည်း ရရင်ယူမှာ ။

သူ့အသံလေးနဲ့ ကျုပ်ကို
အမျိုးမျိုး ပလေးတဲ့
ဂျိုးဂျိုး လေးကိုလည်း ချစ်တယ်ဗျာ ။

အမှန်ယူမည် ဆိုတဲ့စာရင်းမှာ
ဂျပန် ယူရီ ကိုလည်းသွင်းထားတယ် ။

တကယ်မဆိုင်း အတည်
L ဆိုင်းဇီ လည်းယူမှာပဲ ။

တစ်ဒါဇင်ကျော်ရင် ၊ လာဝင်ဆော်မယ့်
ညီတော်နောင်ဘွား ၊ ကာလသားများကို
အရမ်းအားနာ ၊ သနားတာကြောင့်
ဒီဟာလေးပဲ ၊ တော်သေးပြီ…… အဟေးဟေး ။ ။

ဆက်ဖတ်မယ်ဆိုရင်...

Friday, August 8, 2008

ကျနော့အတွက် စိမ်းနေတဲ့ ကျနော့ဘလော့ဂ်

ဘလော့ဂ်ဂါ သူငယ်ချင်းများသို့ .....

ကျနော်ကိုယ်တိုင် မရောက်ဖြစ်တာကြာနေပြီဖြစ်တဲ့ ကျနော့ ဘလော့ဂ်လေးကို လာလည်ကြတဲ့အတွက် ကျေးဇူးတင်တယ်ဗျာ။
ရုံးတွင်းအလုပ်မရှုပ်ဘဲ၊ ပြင်ပအလုပ်ရှုပ်နေတာနဲ့ ကိုယ့်ဘလော့ကို ကိုယ်တိုင် မှန်မှန်မရောက်နိုင်၊ ပို့စ်အသစ်လည်း မတင်နိုင်ဖြစ်နေတာ။
ဒီနေ့တော့ အချိန်ရတာနဲ့ ကျနော်တို့ တည်ဆောက်ပေးခဲ့တဲ့ ကွန်ဒိုင်းရွာလေးက တဲပုံလေးတွေ ကျနော်သူငယ်ချင်းတွေ ဝေမျှခံစားလို့ရအောင် တင်ပေးလိုက်တယ်ဗျာ။
ဒီတပါတ်လည်း အဲဒီရွာကို သွားရအုံးမှာ။ အိမ်သာကိစ္စ၊ သောက်ရေကန်ကိစ္စ၊ ကျောင်းကိစ္စ (ကျောင်းက မူလတန်းကျောင်းလျှောက်လို့ရအောင် ခပ်ကြီးကြီး ဆောက်မှာဆိုတော့ကြာနေတာ။)
မူလတန်းပြဆရာမလည်း အစိုးရဆီမှာ လျှောက်မယ်။ ဒီနေ့တော့ ဒီလောက်ဗျာ...။

KD001.jpg
........................
KD004.jpg
........................
KD006.jpg
........................
KD007.jpg
........................
KD009.jpg
........................
KD010.jpg
........................
KD011.jpg
........................
KD012.jpg
........................

ဆက်ဖတ်မယ်ဆိုရင်...